ဇကာသ်။

ဇကာသ်။

1- ဆွဒကဟ် အလှူဒါနသည် ဥစ္စာပစ္စည်းကို လျှော့နည်းစေမည်မဟုတ်၊ ခွင့်လွှတ်တတ်သူအား အလ္လာဟ်အရှင်မြတ်သည် ဂုဏ်သိက္ခာ ပို၍တိုးပွားစေတော်မူမည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်အတွက် ရိုကျိုးနှိမ့်ချခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအားမြှင့်တင်ပေးတော်မူသည်။

4- ဗန္ဒဟ်ကျေးကျွန်များသည် မနက်ခင်းအခါရောက် လာတိုင်း ကောင်း ကင်တမန်နှစ်ပါး ဆင်းသက်လာပြီး၊ တစ်ပါးက ပြောဆိုသည်မှာ 'အို-အလ္လာဟ်အရှင်မြတ်၊ (အရှင်မြတ် နှစ်သက်သည့်လမ်းတွင်) သုံးစွဲသူအား ကောင်းမှုများ ချီးမြှင့်ပေးသနားတော်မူပါ'။ နောက်တစ်ပါးက ပြောဆိုသည်မှာ 'အို-အလ္လာဟ်၊ (အရှင်မြတ်နှစ်သက်သည့် လမ်းတွင်) သုံးစွဲခြင်းမပြုဘဲ နေသည့် စေးနည်းတွန့်တိုသူအား ပျက်စီးစေတော်မူပါ။

7- အမလ်ကျင့်ဆောင်မှုသည် ခြောက်မျိုးရှိပြီး လူသည် လေးမျိုးလေးစားရှိသည်။၎င်းတို့မှာ ဝါဂျိဗ်ထိုက်သည့်အရာ နှစ်ခု၊ တစ်ခုအစား ၎င်းနှင့် ညီမျှသည့် တစ်ခုရရှိခြင်း၊ ကောင်းမှုတစ်ခုသည် အကျိုးကုသိုလ်ဆယ်ဆရရှိခြင်းနှင့် ကောင်းမှုတစ်ခုသည် အကျိုးကုသိုလ် အဆခုနှစ်ရာ ရရှိခြင်းတို့ဖြစ်သည်။

9- အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ (ကျွန်‌တော်မျိုး၏မိခင်) အွမ်မုစအ်ဒ် ကွယ်လွန်သွားပါပြီ။ မည်သည့် လှူဒါန်းမှုသည် အကောင်းဆုံးဖြစ်ပါသနည်း" ဟု မေးမြန်းရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "ရေ (လှူဒါန်းခြင်း)" ဟု ဖြေကြားတော်မူသည်။ ဟဒီးစ် ဆင့်ပြန်သူရာဝီက ပြောပြခဲ့သည်။ ထို့နောက် သူ(စအ်ဒ်)သည် ရေတွင်းတစ်တွင်းတူး၍ "ဤသည် အွမ်မုစအ်ဒ် အတွက် ဖြစ်သည်" ဟု ပြောခဲ့သည်။

12- ကျွန်ုပ်တို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကျွန်ုပ်တို့နှင့်အတူရှိစဉ်အခါက ဇကားသုလ်ဖိသွိရ် (ဖိသ်ရဟ်) ကို ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ အားလုံးဘက်မှ အစားအစာတစ်စွာအ် သို့မဟုတ် နို့ခဲတစ်စွာအ် သို့မဟုတ် မုယောစပါးတစ်စွာအ် သို့မဟုတ် စွန်ပလွံသီးတစ်စွာအ် သို့မဟုတ် စပျစ်ခြောက်တစ်စွာအ်ကို ပေးလေ့ရှိကြသည်

13- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်) သည် မွတ်စ်လင်များထဲမှ ကျေးကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်‌စေ၊ ကလေးဖြစ်‌စေ၊ လူကြီးဖြစ်စေ အားလုံးအပေါ် စွန်ပလွံသီးတစ်စွာအ် သို့မဟုတ် မုယောစပါး တစ်စွာအ် ဖိသ်ရဟ်ပေးဆောင်ရန် ဖရဿ်ွအဖြစ်သတ်မှတ်တော်မူခဲ့သည်။ ထို့ပြင် လူတို့ အီးဒ်ဆွလားသ်ဝတ်ပြုရန် မထွက်ခင်အလျင် ၎င်း (ဖိသ်ရဟ်) အားပေးဆောင်ကြရန် အမိန့်ပေးတော်မူခဲ့သည်။

14- “အလ္လာဟ်အရှင်မြတ်၏ လမ်းတော်(ဂျိဟာဒ်ပြုခြင်း)၌ သင်သုံးစွဲခဲ့သော ဒီနာရ်(ရွှေဒင်္ဂါး)တစ်ပြား၊ ကျွန်တစ်ဦးကို လွတ်မြောက်ရန် သင်သုံးစွဲခဲ့သော ဒီနာရ်တစ်ပြား၊ ဆင်းရဲသားတစ်ဦးအား စွဒ်ကဟ်အလှူဒါနအဖြစ် သင်ပေးခဲ့သော ဒီနာရ်တစ်ပြားနှင့် သင့်မိသားစုအတွက် သင်သုံးစွဲခဲ့သော ဒီနာရ်တစ်ပြားတို့အနက် အကျိုးကုသိုလ်အကြီးမားဆုံးမှာ သင့်မိသားစုအတွက် သင်အသုံးပြုခဲ့သော ဒီနာရ်ပင်ဖြစ်သည်။”