ရစူလ်တမန်တော်များအပေါ် အီမာန်သက်ဝင်ယုံကြည်ခြင်း။

ရစူလ်တမန်တော်များအပေါ် အီမာန်သက်ဝင်ယုံကြည်ခြင်း။

1- အကြင်အရှင်မြတ်၏ လက်တော်တွင် မုဟမ္မဒ်၏ အသက်ဝိညာဥ်ရှိသည်။ ထိုအရှင်မြတ်ကို တိုင်တည်၍ ပြောမည်။ ဤအွမ္မသ်အနက်မှ ဂျူးဖြစ်စေ၊ ခရစ်ယာန်ဖြစ်စေ ငါကိုယ်တော်ကို ကြားသိပြီးနောက် ငါကိုယ်တော်နှင့်အတူ ချပေးခြင်းခံရသောအရာကို မယုံကြည်ဘဲ သေဆုံးခဲ့သော် ထိုသူသည် ငရဲသားများ အနက်မှပင်ဖြစ်သည်။

5- အကြင်အရှင်မြတ်၏ လက်တော်တွင် ငါကိုယ်တော်၏ဝိညာဥ်ရှိပြီး ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ မကြာခင် အသင်တို့ထဲတွင် တရားမျှတစွာအုပ်ချုပ်မည့် မရ်ယမ်၏ သားတော် (အီစာ) ဆင်းသက်လာလိမ့်မည်။ ထိုအချိန်၌ သူသည်လက်ဝါးကပ်တိုင်ကို ချိုးဖျက်မည်။ ဝက်တိရစ္ဆာန်တွေကို သတ်ဖြတ်မည်။ အခွန်အခကို ဖျက်သိမ်းပစ်မည်။ (အလှူ) ငွေလက်ခံမည့်သူ တစ်ဦးမှမရှိတော့သည်အထိ ဥစ္စာပစ္စည်းများ ပေါများကြွယ်ဝလာလိမ့်မည်။