ကျမ်းတော်မြတ်ကုရ်အာန်နှင့် ၎င်း၏ ပညာရပ်များ။

ကျမ်းတော်မြတ်ကုရ်အာန်နှင့် ၎င်း၏ ပညာရပ်များ။

10- သင်တို့သည် ကျမ်းရပုဂ္ဂိုလ်များကို ထောက်ခံခြင်းလဲ မပြုကြနှင့် ငြင်းပယ်ခြင်းလည်း မပြုကြနှင့်။ သင်တို့သည် ကျမ်းရပုဂ္ဂိုလ်များကို ထောက်ခံခြင်းလဲ မပြုကြနှင့် ငြင်းပယ်ခြင်းလည်း မပြုကြနှင့်။ သင်တို့သည် ဤအတိုင်းသာပြောဆိုကြကုန် (ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ကျွန်ုပ်တို့ထံချပေးခြင်းခံရသည့် ကုရ်အာန်ကျမ်းတော်မြတ်ကိုလည်းကောင်း အီမာန်သက်ဝင်ယုံကြည်ခဲ့ကြပါသည်။)

13- ဧကန်အမှန် ၎င်းတို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ အာယသ်တော်ဆယ်ပိုဒ်ကို နားထောင်ပြီးနောက် ထိုအာယသ်တော်များတွင်ပါရှိသည့် ‘အိလ်မ်’အသိပညာနှင့် အမလ်ကျင့်ဆောင်မှုများကို မသင်ယူမချင်း နောက်ထပ်အာယသ်တော်ဆယ်ပိုဒ်ကို သင်ယူခြင်းမရှိခဲ့ပေ။

14- အို-အဗုလ်မွန်ဇိရ် အသင့်၌ရှိသော အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်တွင် မည်သည့်အာယသ်တော်သည် အကြီးမြတ်ဆုံးဖြစ်သည်ကို အသင်သိပါသလားဟု မေးတော်မူသည်။ ကျွန်တော်က (ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ ٱلْحَىُّ ٱلْقَيُّومُ) (စူရဟ် ဗကရဟ်- ၂၅၅) (အာယသုလ်ကုရ်စီ) ဖြစ်သည်ဟု ဖြေကြားခဲ့သည်။ထိုအခါ ကိုယ်တော်သည်ကျွန်ုပ်၏ရင်ဘတ်ကိုပုတ်၍ မိန့်တော်မူသည်မှာ “အို-အဗုလ်မွန်ဇိရ် သင့်အတွက် အသင်၏အိလ်မ်အသိပညာသည် မင်္ဂလာရှိပါစေ။”

17- “အသင်မအနေဖြင့်ဆင်တူယိုးမှား အာယသ်တော်များနောက်ကို လိုက်နေကြသည့်သူများကို တွေ့ရှိပါက (မှတ်ယူပါ) ထိုသူများကို အလ္လာဟ်အရှင်မြတ်က (စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှုရှိသောသူများဟု ကျမ်းမြတ်ကုရ်အာန်၌) အမည်ပေးထားသူများဖြစ်သည့်အတွက် အသင်တို့ ၎င်းတို့ကိုရှောင်ကြဉ်ပါ။