မိသားစုဆိုင်ရာ ဖိကဟ်။

မိသားစုဆိုင်ရာ ဖိကဟ်။

10- အမှန်တကယ်ပင် ဒွန္နယာ လောကသည် ချိုမြိန်၍ စိမ်းလန်းပေသည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့မည်သို့ ပြုမှုဆောင်ရွက်ကြမည်ကို ကြည့်ရှုရန် သင်တို့အား လောက၌ ‘ခလီဖဟ်’ ကိုယ်စားလှယ်များ အဖြစ်ပြုလုပ်‌ပေးတော်မူခဲ့သည်။ ထို့ကြောင့် သင်တို့သည် လောကီနှင့်ပတ် သက်၍ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။

14- မည်သူမဆိုလက်ထပ်နိုင်စွမ်းရှိပါက လက်ထပ်ထိမ်းမြားလိုက်ပါ။ အဘယ်ကြောင့်ဆိုသော နိကာဟ် ထိမ်းမြားခြင်းသည် မျက်လွှာကို (ဟရာမ်တားမြစ်ထားသည့်အရာများမှ) အလွန်ပင်ထိန်းသိန်း ပေးသည်။ အရှက်အင်္ဂါကို (မကောင်းမှုမှ) အလွန်ပင်ထိန်းသိမ်းပေးသည်။ လက်ထပ်နိုင်စွမ်းမရှိသူသည် ဆောင်မ် ဥပုသ်စောင့်ပါ။ အဘယ့်ကြောင့်ဆိုသော် ဆောင်မ် ဥပုသ်စောင့်ခြင်းသည် ရာဂစိတ်ထကြွမှုကိုလျော့ကျစေသည်။

15- အသင်တို့ သူစိမ်းအမျိုးသမီးများထံ ဝင်ထွက်သွားလာခြင်းကို ရှောင်ကြဉ်ကြလော့။ ထိုအခါ အန်စွာရီ စွဟာဗီတစ်ပါးက လျှောက်ထားမေးမြန်းသည်မှာ - အို အလ္လာဟ်အရှင်မြတ်ရဲ့ရစူလ်၊ ခင်ပွန်းရဲ့သားချင်း (ညီ၊ အစ်ကို) များနှင့်ပတ်သတ်၍ ကိုယ်တော် မည်သို့ မိန့်ကြားတော်မူပါမည်နည်း။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကမိန့်တော်မူသည်။ ခင်ပွန်းရဲ့သားချင်းများဟာ သေခြင်းတရား ပင်ဖြစ်သည်။ (တစ်နည်း သေတာထက်ပင် ပိုအန္တရာယ်ကြီးသည်ကို ဆိုလိုခြင်းဖြစ်သည်။)

16- အို- အမျိုးသမီးအပေါင်းတို့၊ အသင်မတို့ စွဒ်ကဟ်အလှူဒါပြုကြလော့။ အဘယ်ကြောင့်ဆိုသော် ငရဲသားများအနက်အများစုဟာ အသင်မတို့ အမျိုးသမီးများဖြစ်နေကြောင်း ငါကိုယ်တော်ဟာ ပြသတော်မူခြင်းခံရသည်။ ထိုအခါ သူမတို့က "အို-အလ္လာဟ်အရှင်မြတ်၏ တမန်တော်၊ အဘယ်ကြောင့်နည်း" ဟု လျှောက်ထားကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ "အသင်မတို့သည် ကျိန်ဆဲခြင်းကို များစွာပြုလေ့ရှိကြပြီး မိမိတို့၏ ခင်ပွန်းကိုလည်း ကျေးဇူးကန်းကြလေသည်။ ထို့ပြင် ငါကိုယ်တော်သည် တစ်ဦးတစ်ယောက်ကို အသိဉာဏ်နှင့် ဒီန်သာသနာ၌ လျော့နည်းချို့တဲ့ပါလျက်နှင့် ခိုင်မာပြတ်သားစွာ ဆုံးဖြတ်ချက်ချနိုင်သည့် အမျိုးသားတစ်ဦး၏ အသိဉာဏ်ကို အသင်မတို့ထက်ပို၍ ဖျက်ဆီးစေနိုင်သူကို တွေ့မြင်တော်မမူခဲ့‌ပေ

18- မည်သည့်အမျိုးသမီးမဆို မိမိ၏အုပ်ထိန်းသူ၏ ခွင့်ပြုချက်မရှိဘဲ နိကာဟ်ပြုခဲ့လျှင် သူမ၏နိကာဟ်သည် ဘာသွိလ်(တရားမဝင်သော နိကာဟ်သာလျှင်) ဖြစ်သည်။ - ထိုစကားကို သုံးကြိမ်တိုင်တိုင် မိန့်ကြားတော်မူခဲ့သည်- သို့ရာတွင် အကယ်၍ အမျိုးသားသည် ထိုအမျိုးသမီးနှင့် ပေါင်းသင်းဆက်ဆံခဲ့ပါက သူမ၏ (ကိုယ်ခန္ဓာအား)ရရှိခံစားခဲ့သည့်အတွက် မဟရ်သည် သူမအတွက် ဖြစ်သွားပေမည်။ အကယ်၍ အုပ်ထိန်းသူများအချင်းချင်း (အုပ်ထိန်းခွင့်နှင့်ပတ်သက်၍) အငြင်းပွားမှုဖြစ်ပွားပါက အုပ်ချုပ်သူအာဏာပိုင်သည် ဝလီအုပ်ထိန်းသူ မရှိသောအမျိုးသမီး၏ အုပ်ထိန်းသူဖြစ်ပေမည်။

20- ကျွန်ုပ်က‌ လျှောက်ထားမေးမြန်းခဲ့သည်မှာ - အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးတို့ထဲမှ တစ်ဦးဦးအပေါ်၌ ၎င်း၏ဇနီးမိန်းမနှင့် ပတ်သတ်၍ မည်သည့်ဝတ္တရားရှိပါသနည်း။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်-"အသင် စားသောက်သည့်အခါ သူမကိုလည်း ကျွေးမွေးရမည်။ အသင် ဝတ်ဆင်သည့်အခါ သို့မဟုတ် အသင်သည် ဝင်ငွေရလာသည့်အခါ သူမကိုလည်း ဝတ်ဆင်ပေးရမည် မျက်နှာကို ရိုက်နှက်ခြင်း မပြုရ။ ရင့်သီးကြမ်းတမ်းခြင်း မပြုရ။ အိမ်တွင်း၌သာ (အပြစ်အနာအဆာ ပြုပြင်ရန်) ခွဲခွာ၍နေထိုင်ခြင်း ပြုရမည်။

30- “အလ္လာဟ်အရှင်မြတ်၏ လမ်းတော်(ဂျိဟာဒ်ပြုခြင်း)၌ သင်သုံးစွဲခဲ့သော ဒီနာရ်(ရွှေဒင်္ဂါး)တစ်ပြား၊ ကျွန်တစ်ဦးကို လွတ်မြောက်ရန် သင်သုံးစွဲခဲ့သော ဒီနာရ်တစ်ပြား၊ ဆင်းရဲသားတစ်ဦးအား စွဒ်ကဟ်အလှူဒါနအဖြစ် သင်ပေးခဲ့သော ဒီနာရ်တစ်ပြားနှင့် သင့်မိသားစုအတွက် သင်သုံးစွဲခဲ့သော ဒီနာရ်တစ်ပြားတို့အနက် အကျိုးကုသိုလ်အကြီးမားဆုံးမှာ သင့်မိသားစုအတွက် သင်အသုံးပြုခဲ့သော ဒီနာရ်ပင်ဖြစ်သည်။”