ဒအ်ဝဟ်နှင့် ဟိစ်ဗဟ်။

ဒအ်ဝဟ်နှင့် ဟိစ်ဗဟ်။

2- အမှန်ပင် အသင်တို့အပေါ်ဝယ် ခေါင်းဆောင်အချို့အား ခန့်အပ်ခြင်းခံရလိမ့်မည်။ အသင်တို့သည် ၎င်းတို့၏ လုပ်ရပ်အချို့ကို လက်ခံကြပြီး အချို့ကို ငြင်းပယ်ကြလိမ့်မည်။ အကြင်သူသည် (၎င်းတို့၏ မကောင်းသောလုပ်ရပ်များကို) မုန်းတီးပါက အပြစ်ကင်းစင်သူဖြစ်သည်။ အကြင်သူသည် (ထိုမကောင်း သောလုပ်ရပ်အား) ငြင်းပယ်ပါက ငြိမ်းချမ်းသူဖြစ်သည်။ သို့သော် အကြင်သူသည် ယင်းမကောင်းသောလုပ်ရပ်များကို ကျေနပ်နှစ်သက်ပြီး ၎င်းတို့နောက်သို့လိုက်ပါက ၎င်းတို့ကဲ့သို့ပင် (ပျက်စီးသွားမည်)ဖြစ်သည်။ သာဝကကြီးများက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်ုပ်တို့သည် ၎င်းတို့အား စစ်တိုက်ရမည်မဟုတ်လောဟု လျှောက်ထားမေးမြန်းခဲ့ရာ ကိုယ်တော်က မိန့်တော်မူသည်မှာ ၎င်းတို့သည် အသင်တို့ထဲတွင် ဆွလာသ်ဆောက်တည်နေသရွေ့ ၎င်းတို့အား စစ်မတိုက်ကြလေနှင့်။

4- အသင်တို့သည် အာယသ်တော်တစ်ခုမျှပင်ဖြစ်စေ ငါကိုယ်တော်ထံမှ ကြားသိခဲ့ရသည်တို့ကို ပို့ချကြပါ။ အစ္စရာအီလ်မျိုးနွယ်ထံမှ ကြားသိရသည်တို့ကိုလည်း ဆင့်ပြန်ပြောကြလေကုန် (ထိုသို့ပြောကြားခြင်းသည်) အပြစ်တစ်စုံတစ်ရာမရှိပေ။ ထို့ပြင် အကြင်သူသည် ငါကိုယ်တော့်အပေါ် သိလျက်နှင့်တမင်လိမ်လည်ပြောဆိုခဲ့လျှင် ၎င်းသည် သူနေထိုင်ရမည့်နေရာအား ငရဲမီးတွင် သတ်မှတ်လိုက်ပါ။

6- အို အလ္လာဟ်အရှင်မြတ် အကြင်သူသည် ကျွန်တော့်အွမ္မသ်၏ အရေးကိစ္စတစ်စုံတစ်ရာကို တာဝန်ယူထားပြီး ၎င်းတို့အပေါ် ခက်ခဲအောင်ပြုလုပ်ခဲ့လျှင် ထိုသူ့ကိုလည်း ခက်ခဲစေတော်မူပါ။ အကြင်သူသည် ကျွန်တော့်အွမ္မသ်၏ အရေးကိစ္စတစ်စုံတစ်ရာကို တာဝန်ယူထားပြီး ၎င်းတို့အပေါ် လွယ်ကူအောင်ပြုလုပ်ခဲ့လျှင် ထိုသူ့ကိုလည်း လွယ်ကူစေတော်မူပါ။

8- မည်သူမဆို (မိမိခေါင်းဆောင်၏) အမိန့်နာခံမှုကို စွန့်လွှတ်ကာ မွတ်စ်လင်မ်တို့၏ ဂျမာအသ်မှ ခွဲထွက်ပြီး သေဆုံးခဲ့ပါက ထိုသူသည် အစ္စလာမ်မတိုင်မီ အမိုက်ခေတ်၏သေခြင်းမျိုးဖြင့် သေဆုံးခြင်းဖြစ်သည်။ မည်သူမဆို (အမှားအမှန် ခွဲခြားနိုင်ခြင်းမရှိသော) မျက်ကန်းမျိုးချစ် အလံအောက်မှ လူမျိုးစွဲဖြင့် အမျက်ထား တိုက်ခိုက်မည်။ သို့မဟုတ် လူမျိုးစွဲထားရန် ဖိတ်ခေါ်မည်။ သို့မဟုတ် လူမျိုးစွဲထားခြင်းကို အကူအညီပေးပြီး အသတ်ခံရပါက ထိုသူသည် အစ္စလာမ်မတိုင်မီ အမိုက်ခေတ်၌ အသတ်ခံရခြင်းမျိုးဖြင့် အသတ်ခံရခြင်းဖြစ်သည်။

10- အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မကောင်းမှုတစ်ခုခုကို မြင်တွေ့ခဲ့ပါက ၎င်းအား မိမိလက်ဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏နှုတ်လျှာဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏စိတ်နှလုံးသားအတွင်းမှ ထိုအရာကိုမကောင်းမှုဟုမှတ်ယူပါ။ ဤသည် အီမာန်ယုံကြည်မှု၏ အနိမ့်ဆုံးအဆင့်ဖြစ်သည်။