သန့်ရှင်းစင်ကြယ်မှု။

သန့်ရှင်းစင်ကြယ်မှု။

8- သန့်ရှင်းစင်ကြယ်မှုသည် အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်။ ‘အလ်ဟမ်ဒု လိလ္လာဟ်’သည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။‘စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ်’ဇိက်ရ်တော်နှစ်ခုသည် (သို့မဟုတ် ဇိက်ရ်တော် တစ်ခုသည်) မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကြားကိုပြည့်စေသည်။

15- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ကျင်ငယ်စွန့်သည့်အခါ မိမိ၏အရှက်အင်္ဂါကို ညာဘက်လက်ဖြင့် ထိကိုင်ခြင်းမပြုနှင့်။ အိမ်သာတက်သည့်အခါ ညာဘက်လက်ဖြင့် ပွတ်တိုက်ဆေးကြောသန့်စင်ခြင်း မပြုနှင့်။ ရေသောက်သည့်အခါ ရေခွက်ထဲသို့ အသက်ရှုထုတ်ခြင်းမပြုနှင့်။

20- ကျွန်တော်သည် ‘မဇီ’အလွန်ထွက်သူဖြစ်သည်။ ကိုယ်တော်၏သမီးသည် ကျွန်တော်၏ဇနီးဖြစ်နေသည့်အတွက် ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား လျှောက်ထားမေးမြန်းရန် ရှက်မိသည်။ ထို့ကြောင့် ကျွန်တော်သည် မိက်ဒါဒ်ဗင်န် အတ်စ်ဝဒ်အား မေးမြန်းခိုင်းသည်။ ၎င်းကကိုယ်တော်အား လျှောက်ထားမေးမြန်းခဲ့ရာ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မိမိ၏အရှက်အင်္ဂါအားဆေးကြောပါ။ ဝုဿွူပြုလုပ်ပါ။

21- ဝူဿွူလုပ်ပြခဲ့သည်။ သူသည် မိမိလက်ပေါ်သို့ အိုးထဲမှ ရေကိုလောင်းချလိုက်ပြီး လက်အား သုံးကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် သူ၏လက်အား အိုးထဲသို့ထည့်၍ သုံးကြိမ်ရေယူကာ ပလုတ်သုံးကြိမ်ကျင်းပြီး နှာခေါင်းထဲသို့ ရေထည့်ကာ ညှစ်ထုတ်သန့်စင်မှုပြုခဲ့သည်။ ထို့နောက် သူ၏လက်အား (အိုးထဲသို့)ထည့်၍ ရေယူကာ မျက်နှာအား သုံးကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် လက်နှစ်ဖက်ကို တံတောင်ဆစ်အထိ နှစ်ကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် သူ၏လက်အား (အိုးထဲသို့)ထည့်ကာ လက်နှစ်ဖက်ဖြင့် သူ၏ဦးခေါင်းအား တစ်ကြိမ်အရှေ့မှ အနောက်သို့ ပွတ်သပ်ခဲ့ပြီး အနောက်မှ အရှေ့သို့ ပြန်၍ပွတ်သပ်ခဲ့သည်။ ၎င်းနောက် သူ၏ခြေထောက်နှစ်ဖက်အား ခြေမျက်စိအထိ ဆေးကြောခဲ့သည်။

22- ကိုယ်တော်က သင့်လက်နှစ်ဖက်ဖြင့် ဤမျှလောက်ပြုလုပ်လိုက်လျှင် သင့်အတွက်လုံလောက်သည်ဟု မိန့်ကြားတော်မူပြီး မိမိလက်နှစ်ဖက်ကို မြေပေါ်တွင် တစ်ချက်ပုတ်လိုက်သည်။ ထို့နောက် လက်ဝဲလက်အား လက်ယာဘက်ဖြင့် ပွတ်သပ်တော်မူပြီး မိမိလက်ဖမိုးနှစ်ဖက်နှင့် မျက်နှာကို မစဟ်ပြု ပွတ်သပ်တော်မူခဲ့သည်။

30- လူတစ်ဦးသည် ဝုဿူပြုလုပ်ရာတွင် သူ၏ခြေထောက်ပေါ်ရှိ လက်သည်းခွံအရွယ်အစားရှိသော နေရာတစ်ခုသည် ရေမစိုဘဲကျန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ထိုအရာကို တွေ့မြင်သွားပြီး‌နောက် ကိုယ်တော်မြတ်က အမိန့်ရှိသည်မှာ “အသင်ပြန်သွားပြီး ဝုဿူကို ကောင်းမွန်စွာပြုလုပ်ပါ”။ ထို့နောက် ထိုလူသည် ပြန်လှည့်သွားပြီး ဝုဿူကို ကောင်းစွာပြုလုပ်ကာ ဆွလာသ်ဝတ်ပြုခဲ့သည်။

32- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မည်သည့် မုစ်လင်မ်မဆို ဝူဿွူကို ကောင်းမွန်ကျနစွာ ပြုလုပ်မည်။ ထို့နောက် ရပ်ပြီး မိမိ၏ စိတ်နှလုံး သားကော မျက်နာဖြင့်ပါ (စိတ်ရောကိုယ်ပါ) အာရုံစူးစိုက်လျက် ဆွလာသ်နှစ်ရကအသ်ကို ဝတ်ပြုလျှင် ထိုသူ့အတွက် ဂျန္နသ်သုခဘုံသည် ဝါဂျိဗ်ဖြစ်သွား (ထိုက်တန်သွား)ပြီဟု မိန့်တော်မူခဲ့လေသည်

33- သင်တို့အနက် တစ်ဦးဦးသည် ဝူဿွူ ပြုလုပ်ပြီး နောက် ခြေအိတ်ဝတ်ဆင်ခဲ့လျှင်၊ ထိုခြေအိတ်များကို ဝတ်ဆင်ထားလျက်နှင့်ပင် ဆွလာသ် ဝတ်ပြုပါ။ ထို့ပြင် ထိုခြေအိတ်များပေါ်၌ မစဟ် (ပွတ်သပ်ခြင်း) ပြုလုပ်ပါ။ ထို့နောက် သူအလိုရှိလျှင် ဂျနာဗသ် (ရေချိုးရမည့် အကြောင်း) မှလွဲ၍ (အခြားအကြောင်းဖြင့်) ခြေအိတ်များကို မချွတ်ရပါ။( ချွတ်ရန်မလိုပေ။)