သန့်ရှင်းစင်ကြယ်မှု။

သန့်ရှင်းစင်ကြယ်မှု။

8- သန့်ရှင်းစင်ကြယ်မှုသည် အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်။ ‘အလ်ဟမ်ဒု လိလ္လာဟ်’သည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။‘စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ်’ဇိက်ရ်တော်နှစ်ခုသည် (သို့မဟုတ် ဇိက်ရ်တော် တစ်ခုသည်) မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကြားကိုပြည့်စေသည်။

14- ကျွန်တော်သည် ‘မဇီ’အလွန်ထွက်သူဖြစ်သည်။ ကိုယ်တော်၏သမီးသည် ကျွန်တော်၏ဇနီးဖြစ်နေသည့်အတွက် ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား လျှောက်ထားမေးမြန်းရန် ရှက်မိသည်။ ထို့ကြောင့် ကျွန်တော်သည် မိက်ဒါဒ်ဗင်န် အတ်စ်ဝဒ်အား မေးမြန်းခိုင်းသည်။ ၎င်းကကိုယ်တော်အား လျှောက်ထားမေးမြန်းခဲ့ရာ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မိမိ၏အရှက်အင်္ဂါအားဆေးကြောပါ။ ဝုဿွူပြုလုပ်ပါ။