ထွတ်မြတ်မှုများ။

ထွတ်မြတ်မှုများ။

2- အသင်တို့၏ နေအိမ်များကို ကဗရ်သင်္ချိုင်းများအဖြစ် မပြုလုပ်ကြနှင့်၊ ငါကိုယ်တော်၏ကဗရ်ကိုလည်း အီးဒ်မပြုလုပ်ကြနှင့် ငါကိုယ်တော်အပေါ်သို့ ဆွလာသ်မေတ္တာ ပို့သကြလေကုန်၊ ဧကန်မုချ အသင်တို့၏ ဆွလာသ်မေတ္တာ ပို့သမှုသည် အသင်တို့မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ ငါကိုယ်တော်ထံ ရောက်ရှိလေသည်။

4- မွတ်စလင်မ်တစ်ဦးအပေါ်တွင် ကျရောက်လာသည့် ပင်ပန်းမှုဝေဒနာဖြစ်စေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းနာကျင်မှုဖြစ်စေ၊ (ဖြစ်လာမည့် ကိစ္စရပ်ကိုကြိုတွေးပြီး) ပူပန်မှုဖြစ်စေ၊ (ဖြစ်ပြီးသွားသော ကိစ္စရပ်အပေါ်) ပူဆွေးမှုဖြစ်စေ၊ အန္တရာယ်တစ်ခုခုဖြစ်စေ၊ (ဖြစ်နေသည့် ကိစ္စရပ်အပေါ်တွေးပြီး) စိုးရိမ်မှုသောကဖြစ်စေ၊ နောက်ဆုံး အဆူးစူးသည်ပင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်သည် ယင်းအရာများကို အကြောင်းပြု၍ ထိုသူ၏ အပြစ်များကို ပြေပျောက်စေတော်မူသည်။

7- အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို အားကိုးထိုက်သည့်အတိုင်း ယုံပုံအားကိုးမည်ဆိုလျှင် နံနက်ခင်းတွင် ဝမ်းဗိုက် ဟောင်းလောင်းဖြင့် ထွက်သွားကြပြီး ညနေတွင် ဝမ်းဗိုက်ပြည့်လျက် ပြန်လာကြသည့် ငှက်များကို အလ္လာဟ်အရှင်မြတ်က ရိုဇီရိက္ခာချီးမြှင့်သကဲ့သို့ သင်တို့အား ရိုဇီရိက္ခာချီးမြှင့်တော်မူမည်ဖြစ်သည်။

15- အကြင်သူသည် ဤဇိက်ရ်တော်- لَا إلٰهَ إلَّا اللّٰهُ وَحْدَهُ لَا شَرِيْكَ لَهُ،لَهُ الْمُلْكُ،وَلَهُ الْحَمْدُ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ (တုဖက်နှိုင်းယှဉ်ခြင်းကင်း၍ တစ်ဆူတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်မှအပ အခြားကိုးကွယ်ထိုက်သော အရှင်ဟူ၍ အလျဉ်းမရှိပြီ။ စိုးပိုင်ခြင်းဟူသမျှသည် ထိုအရှင်မြတ်အဖို့သာ ဖြစ်တော်မူ၏။ ချီးမွမ်းထောမနာခြင်း ဟူသမျှသည် ထိုအရှင်မြတ် အဖို့သာဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းကို စွမ်းဆောင် နိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။) ကို ဆယ်ကြိမ်ရွတ်ဖတ်လျှင်

18- မည်သည့် ကျေးကျွန်မဆို အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်း စိတ်နှလုံးသားထဲမှ မှန်ကန်စွာ သက်သေခံခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ် ငရဲမီးကို ဟရာမ်အဖြစ်သတ်မှတ်တော်မူမည်ဖြစ်သည်။

19- ဧကန်မုချ အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ ကျေးကျွန်များအပေါ်တွင်ရှိသည့်ဝတ္တရားမှာ ထိုအရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုရန်ဖြစ်သည်။ ကျေးကျွန်များနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အပေါ်တွင်ရှိသည့် ဝတ္တရားမှာ အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုသူအား အဇာဗ်ပြစ်ဒဏ်မပေးရန်ဖြစ်သည်။

22- ငါကိုယ်တော်သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်အပေါ် ‘သက္ကဝါ’ တရားထားရှိရန်နှင့် (အသင်တို့ အပေါ် ခန့်အပ်ခံရသည့် ခေါင်းဆောင်သည်) ဟဗ်ရှီလူမျိုး ကျွန်တစ်ဦးဖြစ်လျှင်လည်း ၎င်း၏အမိန့်ကိုနာခံကြရန် မှာတမ်းတော်မူသည်။ ဧကန်အမှန်ပင် အသင်တို့သည် ငါကိုယ်တော် မရှိသည့်နောက် မြောက်မြားစွာသော ကွဲလွဲမှုများကို မြင်တွေ့ရလိမ့်မည်။ ထိုအခါ အသင်တို့သည် ငါတမန်တော်၏စွန္နသ်လမ်းစဉ်နှင့် တရားလမ်းမှန်ချီးမြှင့်ခြင်းခံရသည့် ဖြောင့်မတ်မှန်ကန်သော ခလီဖဟ်ကိုယ်စားလှယ်များ၏ စွန္နသ်လမ်းစဉ်ကို အံသွားဖြင့်ကိုက်၍ လိုက်ကြလေကုန်။

25- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က 'ကျွန်ုပ်၏စိတ်ထဲတွင် အသင်တို့အပေါ် စွပ်စွဲလို (သံသယရှိနေ )သောကြောင့် ကျိန်ဆိုစေခြင်းမဟုတ်ပါ။ သို့သော် ဂျီဗ်ရီလ် (အလိုင်ဟိစ်စလာမ်) သည် ကျွန်ုပ်ထံသို့ ရောက်ရှိလာပြီး အလ္လာဟ်အရှင်မြတ်သည် မလာအိကဟ်ကောင်းကင်တမန်များရှေ့တွင် အသင်တို့အပေါ်၌ ဂုဏ်ယူတော်မူကြောင်း ကျွန်ုပ်အား သတင်းပေးခဲ့ခြင်းကြောင့်( ကျိန်ဆိုခိုင်းရခြင်းဖြစ်သည် ) ဟု မိန့်ကြားတော်မူခဲ့သည်။

28- အသင်တို့သည် မုအ်မင်န် မဖြစ်သေးသမျှ ကာလပတ်လုံး ဂျန္နသ်သို့ဝင်ရောက်ရမည်မဟုတ်။ အသင်တို့အချင်းချင်း ချစ်ခင်မှုမရှိသေးသမျှကာလပတ်လုံး မုအ်မင်န်ဖြစ်မည်မဟုတ်။ ငါကိုယ်တော် အသင်တို့အားကိစ္စတစ်ခုကို မညွှန်ပြပေးရဘူးလား။ ထိုကိစ္စကို ပြုလုပ်ခြင်းဖြင့် အသင်တို့အချင်းချင်း ချစ်ခင်မှုရကြလိမ့်မည်။ ၎င်းမှာ အသင်တို့ကြား၌ စလာမ်များများပေးကြပါ။

29- မည်သည့်အမလ်ကောင်းမှုသည် အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံးဖြစ်တော်မူပါနည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က ဆွလာသ်အား သူ့အချိန်နှင့်သူ ဆောက်တည်ခြင်းဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် မည်သည့်အမလ်ကောင်းမှုသည် အမြတ်ဆုံးပါနည်းဟု မေးလျှောက်ရာ ကိုယ်တော်က မိဘနှစ်ပါးကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် မည်သည့်အမလ်ကောင်းမှုသည် အမြတ်ဆုံးပါနည်းဟု မေးလျှောက်ရာ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်း ဖြစ်သည်

30- နိမိတ်ကောက်ခြင်းသည် ရှိရ်က်ဖြစ်သည်။ နိမိတ်ကောက်ခြင်းသည် ရှိရ်က်ဖြစ်သည်။ နိမိတ်ကောက်ခြင်းသည် ရှိရ်က်ဖြစ်သည်။ (ကိုယ်တော်သည် ဤသို့ သုံးကြိမ်တိုင်တိုင် မိန့်ကြားတော်မူခဲ့သည်။) ဆင့်ပြန်သူကပြောသည်မှာ ကျွန်ုပ်တို့အနက်မှ လူတိုင်းသည် (နိမိတ်ကောက်ရန် စိတ်ဖြစ်ပေါ်တတ်သည်။) သို့သော် အလ္လာဟ်အရှင်မြတ်သည် သဝက္ကုလ် အရှင်မြတ်အပေါ် ယုံပုံအားကိုးမှုဖြင့် နိမိတ်ကောက်လိုသောစိတ်ကို ဖယ်ရှားပေးတော်မူလိုက်သည်။

32- အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ် သက္ကဝါတရားထားကြပါ၊ အသင်တို့၏ ဆွလာသ်ငါးကြိမ်ကို ဆောက်တည်ကြပါ၊ အသင်တို့(ရမဿွာန်)လ၏ ဆွိယာမ်ဥပုသ်ကို စောင့်ထိန်းကြပါ၊ အသင်တို့ ဥစ္စာပစ္စည်းများမှ ဇကာသ် ပေးဆောင်ကြပါ၊ အသင်တို့အား အုပ်ချုပ်သူများကို နာခံကြပါ၊ အသင်တို့အား ဖန်ဆင်းမွးမြူတော်မူသော အရှင်မြတ်၏ ဂျနသ်သုခဘုံသို့ ဝင်ရောက်ကြပါ။

35- “ (မည်သူမည်ဝါရဲ့) နှာခေါင်းမြေကြီးနှင့် လူးထိပါစေ၊ (မည်သူမည်ဝါရဲ့) နှာခေါင်း မြေကြီးနှင့် လူးထိပါစေ၊ (မည်သူမည်ဝါရဲ့) နှာခေါင်း မြေကြီးနှင့် လူးထိပါစေ။” စွဟာဗီတစ်ပါးက“အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ မည်သူ့အား (ကိုယ် တော် ဘဒ်ဒုအာပြု‌ နေပါသနည်း)” ဟု မေးမြန်းလျှောက်ထားရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က- “မိမိ၏မိဘနှစ်ပါး(သို့မဟုတ်)နှစ်ပါးအနက် တစ်ပါးပါးအား အိုမင်းရင့်ရော်စဉ် တွေ့ကြုံခဲ့ရပြီး (၎င်းတို့အား ကျေးဇူးပြုခြင်းဖြင့်) ဂျန္နတ်သို့ ဝင်ရောက်နိုင်ခြင်း မရှိခဲ့သူဖြစ်သည်” ဟု မိန့်ကြားတော်မူခဲ့သည်။

37- ငါကိုယ်တော်အား (မိအ်ရာဂ်ျ ကောင်းကင်ခရီး) ခေါ်ဆောင်သွားခြင်းခံရသည့်ညတွင် ငါကိုယ်တော်သည် (တမန်တော်) အီဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) အား တွေ့ဆုံခဲ့သည်။ ထိုအခါ သူက ဤသို့ ပြောကြားခဲ့သည်။ အို-မုဟမ္မဒ်၊ အသင့်ရဲ့ အွမ္မသ်နောက်လိုက်သားများထံသို့ ကျွန်ုပ်၏ စလာမ်ကို ပို့ဆောင်ပါလေ။ ထို့ပြင် ၎င်းတို့အား ဂျန္နတ်သုခဘုံ၏ မြေဆီလွှာသည် အလွန်ကောင်းမွန်၍ ရေသည် အလွန်ချိုမြိန်ကြောင်း သတင်းကောင်းပါးလိုက်ပါ

39- “မည်သည့်လူတစ်စုမဆို မဂ်ျလိစ်(ထိုင်ဝိုင်း)တစ်ခုမှ အလ္လာဟ်အရှင်မြတ်အား ဇိကိရ်သတိရတသခြင်းမပြုဘဲ ထသွားခဲ့လျှင် ၎င်းတို့သည် ပုပ်သိုးနေသော မြည်းအသေတစ်ကောင်အနားမှ ထသွားသကဲ့သို့ပင် ဖြစ်၏။ ထိုသို့သော မဂ်ျလိစ်(ထိုင်ဝိုင်း)သည် ကိယာမတ်နေ့တွင် ၎င်းတို့အပေါ်၌ ဝမ်းနည်းဖွယ် (နောင်တရဖွယ်) အကြောင်းတစ်ရပ် ဖြစ်လိမ့်မည်။”

41- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အဗူဘကရ်နှင့် အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ) တို့နှစ်ဦးနှင့် ပတ်သတ်၍ မိန့်ကြားတော်မူသည်မှာ - "နဗီတမန်တော်များနှင့် ရစူလ်တမန်တော်များမှလွဲ၍ ဤသူနှစ်ဦးသည် လွန်လေပြီးသောသူများနှင့် နောင်လာမည့်သူများအနက် လူလတ်ပိုင်းအရွယ် ဂျန္နသ်သုခဘုံသားများ၏ ခေါင်းဆောင်များ ဖြစ်ကြသည်။

42- အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးသည် သေးငယ်သည်ဖြစ်စေ၊ ကြီးလေးသည်ဖြစ်စေ မည်သည့်အပြစ်အကုသိုလ်တစ်ခုမျှမကျန် ကျူးလွန်ခဲ့ပါသည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က သင်သည် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံခဲ့သည် မဟုတ်လောဟု

43- အမလ်ကျင့်ဆောင်မှုသည် ခြောက်မျိုးရှိပြီး လူသည် လေးမျိုးလေးစားရှိသည်။၎င်းတို့မှာ ဝါဂျိဗ်ထိုက်သည့်အရာ နှစ်ခု၊ တစ်ခုအစား ၎င်းနှင့် ညီမျှသည့် တစ်ခုရရှိခြင်း၊ ကောင်းမှုတစ်ခုသည် အကျိုးကုသိုလ်ဆယ်ဆရရှိခြင်းနှင့် ကောင်းမှုတစ်ခုသည် အကျိုးကုသိုလ် အဆခုနှစ်ရာ ရရှိခြင်းတို့ဖြစ်သည်။

44- ဧကန်အမှန်ပင် ကိယာမသ်၏ နိမိတ်လက္ခဏာများအနက် အချို့မှာ- အသိပညာ ရုပ်သိမ်းခံရခြင်း၊ (သာသနာ့)အသိပညာကင်းမဲ့မှု များပြားလာခြင်း၊ ‘ဇိနာ’တရားမဝင်ကာမအမှု ပေါများလာခြင်း၊ အရက်သေစာသောက်သုံးမှု များပြားလာခြင်း၊ အမျိုးသားဦးရေ နည်းပါးသွားခြင်း အမျိုးသမီး အယောက်(၅၀)အတွက် တာဝန်ယူထိမ်းသိမ်းစောင့်ရှောက်မည့် အမျိုးသားတစ်ဦးသာ ရှိတော့သည်အထိ အမျိုးသမီးဦးရေ များပြားလာခြင်းတို့ဖြစ်သည်။

51- ဧကန်အမှန် ၎င်းတို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ အာယသ်တော်ဆယ်ပိုဒ်ကို နားထောင်ပြီးနောက် ထိုအာယသ်တော်များတွင်ပါရှိသည့် ‘အိလ်မ်’အသိပညာနှင့် အမလ်ကျင့်ဆောင်မှုများကို မသင်ယူမချင်း နောက်ထပ်အာယသ်တော်ဆယ်ပိုဒ်ကို သင်ယူခြင်းမရှိခဲ့ပေ။

52- အို-အဗုလ်မွန်ဇိရ် အသင့်၌ရှိသော အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်တွင် မည်သည့်အာယသ်တော်သည် အကြီးမြတ်ဆုံးဖြစ်သည်ကို အသင်သိပါသလားဟု မေးတော်မူသည်။ ကျွန်တော်က (ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ ٱلْحَىُّ ٱلْقَيُّومُ) (စူရဟ် ဗကရဟ်- ၂၅၅) (အာယသုလ်ကုရ်စီ) ဖြစ်သည်ဟု ဖြေကြားခဲ့သည်။ထိုအခါ ကိုယ်တော်သည်ကျွန်ုပ်၏ရင်ဘတ်ကိုပုတ်၍ မိန့်တော်မူသည်မှာ “အို-အဗုလ်မွန်ဇိရ် သင့်အတွက် အသင်၏အိလ်မ်အသိပညာသည် မင်္ဂလာရှိပါစေ။”