ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။ - الصفحة 3

ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။ - الصفحة 3

31- ကျွန်ုပ်တို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကျွန်ုပ်တို့နှင့်အတူရှိစဉ်အခါက ဇကားသုလ်ဖိသွိရ် (ဖိသ်ရဟ်) ကို ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ အားလုံးဘက်မှ အစားအစာတစ်စွာအ် သို့မဟုတ် နို့ခဲတစ်စွာအ် သို့မဟုတ် မုယောစပါးတစ်စွာအ် သို့မဟုတ် စွန်ပလွံသီးတစ်စွာအ် သို့မဟုတ် စပျစ်ခြောက်တစ်စွာအ်ကို ပေးလေ့ရှိကြသည်

32- ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူ ဆဲဟ်ရီစားခဲ့ကြသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် (ဖဂျရ်) ဆွလာသ်ဝတ်ပြုရန်အတွက် မတ်တတ်ရပ်တော်မူခဲ့သည်။ ကျွန်ုပ်က (အနတ်စ် (ရဿွိယလ္လာဟုအန်ဟု) က ဇိုက်ဒ် ဗင်န် စာဗိသ် (ရဿွိယလ္လာဟုအန်ဟု) အား "အဇာန်နှင့် ဆဲဟ်ရီကြားတွင် အချိန်မည်မျှကြာမြင့်ခဲ့သနည်း" ဟု မေးမြန်းခဲ့ရာ၊ ၎င်းက "အာယသ်တော် (၅၀) ခန့် ဖတ်ရွတ်နိုင်သည့်အချိန် အတိုင်းအ တာခန့် ကြာမြင့်သည်" ဟု ဖြေကြားခဲ့သည်။

36- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်) သည် မွတ်စ်လင်များထဲမှ ကျေးကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်‌စေ၊ ကလေးဖြစ်‌စေ၊ လူကြီးဖြစ်စေ အားလုံးအပေါ် စွန်ပလွံသီးတစ်စွာအ် သို့မဟုတ် မုယောစပါး တစ်စွာအ် ဖိသ်ရဟ်ပေးဆောင်ရန် ဖရဿ်ွအဖြစ်သတ်မှတ်တော်မူခဲ့သည်။ ထို့ပြင် လူတို့ အီးဒ်ဆွလားသ်ဝတ်ပြုရန် မထွက်ခင်အလျင် ၎င်း (ဖိသ်ရဟ်) အားပေးဆောင်ကြရန် အမိန့်ပေးတော်မူခဲ့သည်။

39- ကျွန်ုပ်သည် အုမရ် ဗင်န် ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု) နှင့်အတူ အိဒ်ဆွလာသ်၌ ပါဝင်ခဲ့ရာ၊ ၎င်းက မိန့်ကြားခဲ့သည်မှာ - 'ဤ ရက်နှစ်ရက်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်‌တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ရိုဇာဥပုသ်စောင့်ထိန်းခြင်းမှ တားမြစ်တော်မူခဲ့သည့် ရက်နှစ်ရက် ဖြစ်သည်။ (တစ်ရက်မှာ) အသင်တို့ (ရမဿွာန်လ) ရိုဇာဥပုသ်စောင့်ထိန်းခြင်းမှ ဝါကျွတ်သည့်နေ့ (အီးဒ်နေ့) ဖြစ်ပြီး၊ ‌အခြားတစ်ရက်မှာ အသင်တို့ ကုရ်ဗာနီသားကောင်၏ အသားကို စားသုံးသောနေ့ အီဒုလ်အဿ်ွဟာနေ့ပင် ဖြစ်သည်။

40- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ သလ်ဗီယဟ်မှာ အောက်ပါအတိုင်းဖြစ်သည်- «لَبَّيْكَ اللهُمَّ، لَبَّيْكَ، لَبَّيْكَ لَا شَرِيكَ لَكَ لَبَّيْكَ، إِنَّ الْحَمْدَ وَالنِّعْمَةَ لَكَ وَالْمُلْكَ لَا شَرِيكَ لَكَ» (ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ အို- အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ထိုက်သူဟူ၍ အလျှင်းမရှိပါ။ ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ ဧကန်စင်စစ် ချီးမွမ်းခြင်းအ‌ပေါင်းနှင့် နိအ်မသ်ကျေးဇူးတော်အပေါင်းတို့သည် အရှင်မြတ်အတွက်သာ ဖြစ်ပါ၏။ စိုးပိုင်မှုဟူသရွေ့သည်လည်း အရှင်မြတ်အတွက်သာ ဖြစ်ပါ၏။ အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ထိုက်သူဟူ၍ အလျှင်းမရှိပါ။)

47- မည်သူမဆို မိမိ၏(မုသားလိမ်လည်)ကျိန်ဆိုမှုဖြင့် မွတ်စ်လင်မ်တစ်ဦး၏ အခွင့်အရေးကို ဖြတ်ယူသိမ်းပိုက်လျှင် အလ္လာဟ်အရှင်မြတ်သည် ဂျဟန္နမ်ငရဲမီးကို ထိုသူအတွက် ထိုက်တန်စေတော်မူပြီး၊ ၎င်းအပေါ်၌ ဂျန္နသ်သုခဘုံကို ဟရာမ်အဖြစ်သတ်မှတ်တော်မူမည်။ ထိုအခါ လူတစ်ဦးက ကိုယ်တော့်အား "အိုအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အကယ်၍ ထိုအရာသည် မပြောပလောက်သောအရာဖြစ်လျှင်ပင်လော"ဟု လျှောက်ထားမေးမြန်းရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သွားတိုက်တံပြုလုပ်ရာတွင် အသုံးပြုသော ကိုင်းလေးတစ်ချောင်းမျှသာဖြစ်စေကာမူ ဤပြစ်ဒဏ်ပင် ဖြစ်သည်"ဟု မိန့်ကြားတော်မူခဲ့သည်။

48- - «أَذْهِبِ الْبَاسَ، رَبَّ النَّاسِ، وَاشْفِ أَنْتَ الشَّافِي، لَا شِفَاءَ إِلَّا شِفَاؤُكَ، شِفَاءً لَا يُغَادِرُ سَقَمًا». အို လူသားတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ဘေးဒုက္ခကို ဖယ်ရှားတော်မူပါ။ ပြင်းထန်တယ့် ဝေဒနာကို ကင်းဝေးစေတော်မူပါ။ ရောဂါကို သက်သာပျောက်ကင်းစေတော်မူပါ။ အရှင်မြတ်သာလျှင် သက်သာပျောက်ကင်းမှုကို ပေးနိုင်တော်မူသောအရှင် ဖြစ်တော်မူပါ၏။ အရှင်မြတ်ပေးသနားတော်မူသော ပျောက်ကင်းချမ်းသာမှုမှတစ်ပါး အခြားသော ပျောက်ကင်းချမ်းသာမှု မရှိပါ။ မည်သည့်ရောဂါဝေဒနာမျှ မကျန်ရစ်စေမည့် ပျောက်ကင်းချမ်းသာမှုကို ပေးသနားတော်မူပါ။

49- “အလ္လာဟ်အရှင်မြတ်၏ လမ်းတော်(ဂျိဟာဒ်ပြုခြင်း)၌ သင်သုံးစွဲခဲ့သော ဒီနာရ်(ရွှေဒင်္ဂါး)တစ်ပြား၊ ကျွန်တစ်ဦးကို လွတ်မြောက်ရန် သင်သုံးစွဲခဲ့သော ဒီနာရ်တစ်ပြား၊ ဆင်းရဲသားတစ်ဦးအား စွဒ်ကဟ်အလှူဒါနအဖြစ် သင်ပေးခဲ့သော ဒီနာရ်တစ်ပြားနှင့် သင့်မိသားစုအတွက် သင်သုံးစွဲခဲ့သော ဒီနာရ်တစ်ပြားတို့အနက် အကျိုးကုသိုလ်အကြီးမားဆုံးမှာ သင့်မိသားစုအတွက် သင်အသုံးပြုခဲ့သော ဒီနာရ်ပင်ဖြစ်သည်။”

52- အကြင်သူသည် ကွယ်လွန်သေဆုံးချိန် မဆိုက်ရောက်သေးသော လူနာတစ်ဦးကို ကြည့်ရှု့အားပေးရန် သွားရောက်ပြီး ၎င်း၏အနီးတွင် အောက်ပါဒုအာ - (أَسْأَلُ اللَّهَ الْعَظِيمَ رَبَّ الْعَرْشِ الْعَظِيمِ أَنْ يَشْفِيَكَ) (အလွန်ကြီးမားတော်မူသော အရ်ရှ်ပလ္လင်တော်၏ အရှင်ဖြစ်တော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်၌ အသင့်အား သက်သာပျောက်ကင်းမှု ပေးသနားတော်မူပါရန် ကျွန်ုပ် ဆုတောင်းပတ္တနာပြုပါ၏) ကို ခုနစ်ကြိမ် ရွတ်ဖတ်ပါက အလ္လာဟ်အရှင်မြတ်သည် ၎င်း(လူနာ)အား ထိုရောဂါမှ ကင်းဝေးစေကာ ကျန်းမာခြင်းကို ပေးသနားတော်မူမည်ဖြစ်သည်။

62- “ရွှေကို ရွှေဖြင့်လည်းကောင်း၊ ငွေကို ငွေဖြင့်လည်းကောင်း၊ ဂျုံကို ဂျုံဖြင့်လည်းကောင်း၊ မုယောစပါးကို မုယောစပါးဖြင့်လည်းကောင်း၊ စွန်ပလွံသီးကို စွန်ပလွံသီးဖြင့်လည်းကောင်း၊ ဆားကို ဆားဖြင့်လည်းကောင်း (လဲလှယ်ရာတွင်) အတိုင်းအတာ သို့မဟုတ် အလေးချိန် ချင်းတူညီရမည်။ ပြီးလျှင် လက်ငင်းလဲလှယ်ရမည်။ အကယ်၍ ဤအရာများသည် အမျိုးအစား ကွဲပြားပါက ချက်ချင်းလက်ငင်းလဲဖြစ်ပါလျှင် သင်တို့အလိုရှိသလို ရောင်းချကြလော့။”