ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

17- မိမိကိုယ်မိမိ ထိခိုက်နစ်နာအောင်ပြုခြင်းနှင့် အခြားသူကို ထိခိုက်နစ်နာအောင်ပြုခြင်းတို့ မပြုလုပ်ရ။ မည်သူမဆို တစ်ဦးတစ်ယောက်ကို ထိခိုက်နစ်နာအောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ထိခိုက်နစ်နာစေလိမ့်မည်။ မည်သူမဆို တစ်ဦးတစ်ယောက်အား ခက်ခဲဒုက္ခရောက်အောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအားခက်ခဲဒုက္ခရောက်စေလိမ့်မည်။

23- ဆွဒကဟ် အလှူဒါနသည် ဥစ္စာပစ္စည်းကို လျှော့နည်းစေမည်မဟုတ်၊ ခွင့်လွှတ်တတ်သူအား အလ္လာဟ်အရှင်မြတ်သည် ဂုဏ်သိက္ခာ ပို၍တိုးပွားစေတော်မူမည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်အတွက် ရိုကျိုးနှိမ့်ချခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအားမြှင့်တင်ပေးတော်မူသည်။

38- ဧကန်အမှန် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စဂ်ျဒဟ် နှစ်ခုကြားတွင် " اللَّهمَّ اغْفِرْ لي، وارْحَمْنِي، وعافِني، واهْدِني، وارزقْنِي " (အဓိပ္ပါယ်- အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ ကရုဏာပြုတော်မူပါ၊ ငြိမ်းချမ်းမှုအဖြာဖြာ ချီးမြှင့်တော်မူပါ၊ လမ်းမှန်တရားချီးမြှင့်တော်မူပါ၊ စားနပ်ရိက္ခာချီးမြှင့်တော်မူပါ။)ကို အမြဲတောင်းခံလေ့ရှိ၏။

39- “အလ္လာဟွမ္မ အန်သတ်စ် စလာမု ဝမင်န်ကတ်စ် စလာမု သဗာရက်သ ယာဇလ်ဂျလားလိ ဝလ်အိက်ရာမ်”ကို ရွတ်ဆိုလေ့ရှိသည်။ (အဓိပ္ပာယ် - အို အလ္လာဟ်အရှင်မြတ်၊ အသင်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသော အရှင်ဖြစ်တော်မူ၏။ ငြိမ်းချမ်းသာယာမှုအပေါင်းသည် အသင်အရှင်မြတ်၏ထံတော်မှ ကျရောက်လာခြင်းသာဖြစ်၏။ အို- အနန္တတန်ခိုးတော်ရှင်၊ ကျေးဇူးပြုတော်မူသောအရှင်၊ အသင်အရှင်မြတ်သည် မင်္ဂလာအပေါင်းနှင့်ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူပါ၏။

49- သန့်ရှင်းစင်ကြယ်မှုသည် အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်။ ‘အလ်ဟမ်ဒု လိလ္လာဟ်’သည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။‘စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ်’ဇိက်ရ်တော်နှစ်ခုသည် (သို့မဟုတ် ဇိက်ရ်တော် တစ်ခုသည်) မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကြားကိုပြည့်စေသည်။

59- အမှန်တကယ်ပင် ဒွန္နယာ လောကသည် ချိုမြိန်၍ စိမ်းလန်းပေသည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့မည်သို့ ပြုမှုဆောင်ရွက်ကြမည်ကို ကြည့်ရှုရန် သင်တို့အား လောက၌ ‘ခလီဖဟ်’ ကိုယ်စားလှယ်များ အဖြစ်ပြုလုပ်‌ပေးတော်မူခဲ့သည်။ ထို့ကြောင့် သင်တို့သည် လောကီနှင့်ပတ် သက်၍ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။

63- “အလ္လာဟွမ်မ အင်န်နီး အအူးဇုဗိက မင်န်အဇာဗိ ဂျဟန္နမ်မ၊ ဝမင်န်အဇာဗိလ် ကဗရိ၊ ဝမင်န် ဖိသ်နသိလ် မဟ်ယာ ဝလ်မမာသိ ဝမင်န် ဖိသ်နသိလ် မစီးဟိဒ်ဒဂျာလ်“ (အဓိပ္ပါယ် အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် ဂျဟန္နမ်၏ ပြစ်ဒဏ်မှ လည်း ကောင်း၊ ကဗရ်သင်္ချိုင်း၏ ပြစ်ဒဏ်မှလည်းကောင်း၊ အသက်ရှင်နေစဉ် ကြုံ တွေ့ရမည့် ဘေးအန္တရာယ်များနှင့် သေခြင်း၌ ကြုံတွေ့ရမည့် ဘေးအန္တရာယ်များမှလည်းကောင်း၊

66- ကျွန်တော်သည် ‘မဇီ’အလွန်ထွက်သူဖြစ်သည်။ ကိုယ်တော်၏သမီးသည် ကျွန်တော်၏ဇနီးဖြစ်နေသည့်အတွက် ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား လျှောက်ထားမေးမြန်းရန် ရှက်မိသည်။ ထို့ကြောင့် ကျွန်တော်သည် မိက်ဒါဒ်ဗင်န် အတ်စ်ဝဒ်အား မေးမြန်းခိုင်းသည်။ ၎င်းကကိုယ်တော်အား လျှောက်ထားမေးမြန်းခဲ့ရာ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မိမိ၏အရှက်အင်္ဂါအားဆေးကြောပါ။ ဝုဿွူပြုလုပ်ပါ။

67- မည်သည့်အမလ်ကောင်းမှုသည် အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံးဖြစ်တော်မူပါနည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က ဆွလာသ်အား သူ့အချိန်နှင့်သူ ဆောက်တည်ခြင်းဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် မည်သည့်အမလ်ကောင်းမှုသည် အမြတ်ဆုံးပါနည်းဟု မေးလျှောက်ရာ ကိုယ်တော်က မိဘနှစ်ပါးကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် မည်သည့်အမလ်ကောင်းမှုသည် အမြတ်ဆုံးပါနည်းဟု မေးလျှောက်ရာ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်း ဖြစ်သည်

68- အမလ်ကျင့်ဆောင်မှုသည် ခြောက်မျိုးရှိပြီး လူသည် လေးမျိုးလေးစားရှိသည်။၎င်းတို့မှာ ဝါဂျိဗ်ထိုက်သည့်အရာ နှစ်ခု၊ တစ်ခုအစား ၎င်းနှင့် ညီမျှသည့် တစ်ခုရရှိခြင်း၊ ကောင်းမှုတစ်ခုသည် အကျိုးကုသိုလ်ဆယ်ဆရရှိခြင်းနှင့် ကောင်းမှုတစ်ခုသည် အကျိုးကုသိုလ် အဆခုနှစ်ရာ ရရှိခြင်းတို့ဖြစ်သည်။

82- အသင်တို့အနက်တစ်ဦးတစ်ယောက်သည် ဗလီဝတ်ကျောင်းတော်သို့ ဝင်သည့်အခါ ( اَللّٰهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكٓ ) “အလ္လာဟုမ္မဖ်သဟ်လီ အဗ်ဝါဗရဟ်မသိက်” (အို - အလ္လာဟ်အရှင်မြတ် အသင်အရှင်မြတ်၏ ရဟ်မသ်ကရုဏာတံခါးများကို ကျွန်တော်မျိုးအား ဖွင့်ပေးသနားတော်မူပါ။) ဟုရွတ်ဆိုပါ။ ပြန်ထွက်သည့်အခါ (اَللّٰهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ) “အလ္လာဟုမ္မ အင်န္နီအတ်စ်အလုက မင်န်ဖဿွ်လိက်” (အို - အလ္လာဟ်အရှင်မြတ် ဧကန်မုချ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ကျေးဇူးတော်များကို အရှင်မြတ်ထံတော်မှတောင်းခံပါ၏။) ဟုရွတ်ဆိုပါ။

86- အကြင်အရှင်မြတ်၏လက်တော်တွင် ကျွန်ုပ်၏အသက်ဝိညာဉ်ရှိ၏။ ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ ဧကန်အမှန်ပင် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဆွလာသ်ဝတ်ပြုမှုနှင့် အတူဆုံးအနီးစပ်ဆုံး ဝတ်ပြုသူဖြစ်သည်။ ဤဆွလာသ်ဝတ်ပြုမှုသည် တမန်တော်မြတ် ‘ဒွန္နယာ’ လောကကို ခွဲခွါသွားသည့် အချိန်အထိ ဝတ်ပြုတော်မူခဲ့သော ဆွလာသ်ဝတ်ပြုမှုအတိုင်းပင်ဖြစ်သည်။