အကီဒဟ် ယုံကြည်ချက်။

အကီဒဟ် ယုံကြည်ချက်။

1- အကြင်အရှင်မြတ်၏ လက်တော်တွင် မုဟမ္မဒ်၏ အသက်ဝိညာဥ်ရှိသည်။ ထိုအရှင်မြတ်ကို တိုင်တည်၍ ပြောမည်။ ဤအွမ္မသ်အနက်မှ ဂျူးဖြစ်စေ၊ ခရစ်ယာန်ဖြစ်စေ ငါကိုယ်တော်ကို ကြားသိပြီးနောက် ငါကိုယ်တော်နှင့်အတူ ချပေးခြင်းခံရသောအရာကို မယုံကြည်ဘဲ သေဆုံးခဲ့သော် ထိုသူသည် ငရဲသားများ အနက်မှပင်ဖြစ်သည်။

5- ငါအရှင်မြတ်သည် ဖက်စပ်ကိုးကွယ်သူတို့၏ ဖက်စပ်ကိုးကွယ်ခြင်းမှ ကင်းရှင်းတော်မူသည်။ အကြင်သူသည် အမလ်ကောင်းမှုပြုလုပ်ရာတွင် ငါအရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာကို ဖက်စပ်ကိုးကွယ်ခဲ့လျှင် ငါအရှင်မြတ်သည် ထိုသူနှင့် သူ၏ဖက်စပ်ကိုးကွယ်မှုကိုပါ စွန့်ပစ်တော်မူသည်။

6- ငါကိုယ်တော်သည် အသင်တို့အနက် တစ်ဦးတစ်ယောက်အား ငါကိုယ်တော်အတွက် အချစ်တော်၊အဆွေတော်အဖြစ် သတ်မှတ်ခြင်းမှ အလ္လာဟ်အရှင်မြတ်ထံတွင် ကင်းရှင်းတော်မူသည်။ အမှန်တကယ်ပင် အလ္လာဟ်အရှင်မြတ်သည် အိဗ်ရာဟီမ်(အလိုင်းဟိစ္စလာမ်)အား (ခလီလ်)အချစ်တော်၊ အဆွေတော်အဖြစ် သတ်မှတ်ခဲ့သလို ငါကိုယ်တော်အားလည်း အချစ်တော်၊ အဆွေတော်အဖြစ် သတ်မှတ်တော်မူခဲ့သည်။

11- ငါကိုယ်တော်သည် အသင်တို့အတွက် အစိုးရိမ်ဆုံးကိစ္စမှာ ရှိရ်က် အဆ်ွဂရ် (ရှိရ်က်အသေးစား) ပင်ဖြစ်သည်။ သာဝကကြီးများက အိုအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ရှိရ်က် အဆ်ွဂရ် ဆိုသည်မှာ အဘယ်နည်းဟု လျှောက်ထားမေးမြန်းကြသည်။ ထိုအခါ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ပြစားမှု

12- အလ္လာဟ်အရှင်မြတ်က ဟလာလ် ဟူ၍ သတ်မှတ်ထားသည်တို့ကို ၎င်းတို့က ဟရာမ် ဟူ၍ သတ်မှတ်လိုက်သည့်အခါ အသင်တို့သည်လည်း ဟရာမ် ဟူ၍ပင် သတ်မှတ်ခဲ့ကြသည်မဟုတ်လော။ အလ္လာဟ်အရှင်မြတ်က ဟရာမ် ဟူ၍ သတ်မှတ်ထားသည်တို့ကို ၎င်းတို့က ဟလာလ် ဟူ၍ သတ်မှတ်လိုက်သည့်အခါ အသင်တို့သည်လည်း ဟလာလ် ဟူ၍ပင် သတ်မှတ်ခဲ့ကြသည်မဟုတ်လော။ ထိုအခါ ကျွန်တော်က ဟုတ်ပါသည်ဟု ဖြေကြားခဲ့သည်။ ကိုယ်တော်က ဤသည်ပင် ၎င်းတို့အား ခဝပ်ကိုးကွယ်ခြင်းဖြစ်သည် ဟုမိန့်ကြားခဲ့သည်။

13- ဧကန်အမှန်အသင်သည် ကျမ်းရထားသူများထံ သွားရောက်နေသည်ဖြစ်ရာ အသင်သည် သူတို့ထံရောက်ရှိလျှင် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သောအရှင်မရှိကြောင်းနှင့် ဧကန်အမှန် ငါကိုယ်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံရန် ပထမဦးဆုံးဖိတ်ခေါ်ပါလေ။

15- နဆ်ွရာနီတို့သည် မရ်ယမ်၏ သားတော်(တမန်တော်အီစာ) (အလိုင်းဟိစ္စလာမ်)အား အတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ကြသကဲ့သို့ အသင်တို့သည် ငါကိုယ်တော်အား အတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ခြင်းမပြုကြနှင့်။ ငါကိုယ်တော်သည် အရှင်မြတ်၏ကျေးကျွန်သာဖြစ်သည်။ ထို့ကြောင့်ငါကိုယ်တော်အား အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်သည်ဟူ၍သာ သင်တို့ပြောကြလေကုန်။

17- အကြင်သူသည် (အတိတ်နိမိတ်ဆိုးကောက်၍) ထိုနိမိတ်ဆိုးကောက်ခြင်းက သူရည်ရွယ်ထားသည့်ကိစ္စကို ရပ်ဆိုင်းစေခဲ့လျှင် ထိုသူသည် ရှိရ်က်အမှုကို ကျူးလွန်ခြင်းဖြစ်သည်။ သာဝကြီးများက ထိုပြစ်မှုအတွက် အပြစ်ပြေပျောက်စေမည့်အရာ (ကဖ္ဖာရဟ်) မှာအဘယ်အရာပါနည်း ဟု မေးလျှောက်ခဲ့ကြရာ ကိုယ်တော်က အောက်ပါအတိုင်း တောင်းဆုပြုရန် မိန့်ကြားတော်မူသည်။ ( အို အလ္လာဟ်အရှင်မြတ် အရှင်မြတ်ထံရှိသည့် ကောင်းချီးမင်္ဂလာမှအပ အခြားကောင်းချီးမင်္ဂလာဟူ၍ မရှိ၊ အရှင်မြတ်သတ်မှတ်ထားသည့် ပြစ်ဒဏ်၏ မကောင်းမှုမှအပ အခြားနိမိတ်ဆိုးဟူ၍မရှိ၊ အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိ။)

19- အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်တစ်စုံတစ်ရာကို ရှိရ်က် ယှဉ်တွဲကိုးကွယ်မှုမပြုဘဲ အလ္လာဟ်အရှင်မြတ်နှင့်တွေ့ဆုံခဲ့လျှင် ဂျန္နသ်သုခဘုံသို့ဝင်ရောက်ရမည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ရှိရ်က် ယှဉ်တွဲကိုးကွယ်မှုပြု၍ အရှင်မြတ်နှင့်တွေ့ဆုံခဲ့လျှင် ဂျဟန္နမ်ငရဲဘုံသို့ ဝင်ရောက်ရမည်။

22- အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ကုရ်အာန်ကျမ်းလာ အာယတ်တော်ဖြစ်သော (၎င်းပြင် ထို ကျွန်တော်မျိုး၏ အမျိုးသားတို့သည် (လက်အောက်ငယ်သားလူ့ဗာလတို့အား ဤသို့) ပြောဆိုခဲ့ကြပါသည်။ (အချင်းတို့၊) အသင်တို့သည် မိမိတို့၏ ကိုးကွယ်ရာများကို စွန့်ပယ်၍ အလျှင်း မထားကြကုန်လင့်။၎င်းပြင် အသင်တို့သည် “ဝဒ္ဒ်”ဆင်းတုကိုလည်း အလျှင်း မစွန့်ပယ်ကြကုန်လင့်၊ “ဆုဝါအ်”ဆင်းတုကိုလည်း စွန့်ပယ်ခြင်းမပြုကြကုန်လင့်၊ထိုမှတစ်ပါး“ယဂူဆ်”ဆင်းတုကိုလည်းကောင်း၊“ယအူက်”ဆင်းတုကိုလည်းကောင်း၊ “နတ်စ်ရ်”ဆင်းတုကိုလည်းကောင်း၊ စွန့်ပယ်ခြင်းကိုမပြုကြကုန်လင့်။) (ကုရ်အာန် ၇၁း၂၃) ဟူသော အာယတ်နှင့်ပတ်သက်၍ မိန့်ကြားသည်မှာ ဤသည် တမန်တော်နူးဟ် (အလိုင်ဟိစ္စလာမ်) ခေတ်၌ရှိသော သူတော်စင်ကြီးများ၏အမည်များ ဖြစ်ကြသည်။

23- အကြင်သူသည် အကြွေးဆပ်ရန် ခက်ခဲနေသူအား နောက်ဆိုင်းပေးထားမည် သို့မဟုတ် ကြွေးမြီတစ်စုံတစ်ရာကို လျှော့ပေးလိုက်မည်ဆိုလျှင် ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား မိမိပလ္လင်တော်၏ အရိပ်အောက်၌ အရိပ်ပေးတော်မူမည်။ ထိုနေ့တွင် ၎င်း၏အရိပ်မှလွဲ၍ အခြားမည်သည့် အရိပ်အာဝါသမျှ ရှိမည်မဟုတ်ပေ။

25- ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ကောင်းမှုများနှင့် မကောင်းမှုများကို ရေးမှတ်တော်မူပြီးနောက် ၎င်းတို့အား အသေးစိတ်ရှင်းပြတော်မူခဲ့သည်။ ထို့ကြောင့် မည်သူမဆို ကောင်းမှုတစ်ခုကို ပြုလုပ်ရန်ရည်ရွယ်ပြီး မလုပ်ဖြစ်ခဲ့လျှင် ၎င်းကို အလ္လာဟ်အရှင်မြတ်သည် မိမိထံတော်တွင် ပြည့်စုံသည့် ကောင်းမှုတစ်ခုအဖြစ် ရေးမှတ်တော်မူသည်။ အကယ်၍ ထိုသူသည် ယင်းကောင်းမှုကိုပြုလုပ်ရန် ရည်ရွယ်ပြီးနောက် လက်တွေ့ပြုလုပ်ခဲ့ပါက ၎င်းကို ထိုသူ့အတွက် အလ္လာဟ်အရှင်မြတ်က မိမိထံတော်တွင် ကောင်းမှု(၁၀)ဆမှ အဆ(၇၀၀) အထိ၊ ထိုမှ အဆပေါင်းမြောက်မြားစွာထိ ရေးမှတ်တော်မူမည်ဖြစ်သည်။ ၎င်းအပြင် အကြင်သူသည် မကောင်းမှုတစ်ခုကို ပြုလုပ်ရန် ရည်ရွယ်ပြီး မလုပ်ခဲ့လျှင် ၎င်းကို အလ္လာဟ်အရှင်မြတ်သည် မိမိထံတွင် ပြည့်စုံသည့် ကောင်းမှုတစ်ခုအဖြစ် ရေးမှတ်တော်မူသည်။ အကယ်၍ ထိုသူသည် ၎င်းကိုပြုလုပ်ရန် ရည်ရွယ်ပြီးနောက် လက်တွေ့ပြုလုပ်ခဲ့လျှင် ၎င်းကို သူ့အတွက် အလ္လာဟ်အရှင်မြတ်သည် မကောင်းမှုတစ်ခုအဖြစ်သာ ရေးမှတ်တော်မူမည်။

27- အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သည့်အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်ကြောင်း သက်သေခံခြင်း၊ ဆွလာသ်ဆောက်တည်ခြင်း၊ ဇကာသ်ပေးခြင်း၊ ရမဿွာန်လတွင် ဆွိယာမ်ဥပုသ်စောင့်ထိန်းခြင်းနှင့် (မက္ကဟ်မြို့သို့) သွားရောက်နိုင်စွမ်းရှိသူအတွက် ကအ်ဗဟ်ကျောင်းတော်သို့ သွားရောက် ဟဂျ် ပြုခြင်းတို့ဖြစ်သည်ဟု မိန့်ကြားတော်မူသည်။

30- အို - ကောင်လေး ငါကိုယ်တော် သင့်အား အချို့သောစကားရပ်များကို သင်ကြားပေးတော်မူမည်။ သင်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အရှင်မြတ်သည် သင့်အား ထိန်းသိမ်းစောင့်ရှောက်တော်မူမည်။ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အလ္လာဟ်အရှင်မြတ်သည် သင့်အရှေ့မှ ကူညီတော်မူလိမ့်မည်။ သင်တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ တောင်းခံပါ။ သင်အကူအညီတောင်းမည် ဆိုပါကလည်း အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ အကူအညီတောင်းခံပါ။

38- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်ုပ်အား စေလွှတ်ခဲ့သည့်အတိုင်း ကျွန်ုပ်လည်း သင့်အားမစေလွှတ်ရဘူးလား။ ၎င်းမှာ မည်သည့်ရုပ်ပုံကိုမျှ မချန်ထားဘဲ ဖျက်ဆီးပစ်ရန်နှင့် မြင့်နေသည့် ကဗရ်သင်္ချိုင်းတိုင်းအား (မြေပြင်နှင့်) တပြေးတည်းဖြစ်အောင် ပြုလုပ်ရန်ဖြစ်သည်။

46- အကြင်သူသည် ကလိမဟ်တော် “လာအိလာဟ အိလ္လလ္လာဟ်”အား ရွတ်ဆိုပြီး အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခံရသော အရာများကို ငြင်းပယ်ခဲ့ပါက ၎င်း၏ ပစ္စည်းဥစ္စာနှင့် အသက်သွေးတို့သည် (အခြားသူတစ်ဦးအတွက်) ဟရာမ်ဖြစ်သွားချေပြီ။ ၎င်းအား စာရင်းစစ်ဆေးခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်ပေသည်။

49- ထိုမှန်ကန်သည့်စကားသည် ဂျင်န်က (ကောင်းကင်တမန်များထံမှ) အလျင်အမြန်သုတ်ယူလာပြီး မိမိ၏မိတ်ဆွေ (နက္ခတ်ဗေဒင်အကြားအမြင်ဆရာ)၏နားထဲသို့ ကြက်မတစ်ကောင်၏အသံကဲ့သို့ ပြောကြားလိုက်သည့် စကားသာဖြစ်သည်။ ၎င်းနက္ခတ်ဗေဒင်အကြားအမြင်ဆရာများသည် ထိုစကားအား မုသားစကား တစ်ရာဖြင့် ရောထွေးလိုက်ကြသည်။

50- မည်သည့် ကျေးကျွန်မဆို အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်း စိတ်နှလုံးသားထဲမှ မှန်ကန်စွာ သက်သေခံခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ် ငရဲမီးကို ဟရာမ်အဖြစ်သတ်မှတ်တော်မူမည်ဖြစ်သည်။

55- အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မကောင်းမှုတစ်ခုခုကို မြင်တွေ့ခဲ့ပါက ၎င်းအား မိမိလက်ဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏နှုတ်လျှာဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏စိတ်နှလုံးသားအတွင်းမှ ထိုအရာကိုမကောင်းမှုဟုမှတ်ယူပါ။ ဤသည် အီမာန်ယုံကြည်မှု၏ အနိမ့်ဆုံးအဆင့်ဖြစ်သည်။

56- -အကြင်သူသည် အစ္စလာမ်သာသနာတော်၌ (စွဲမြဲစွာ တည်ရှိပြီး)ကောင်းမွန်စွာ လိုက်နာကျင့်သုံးခဲ့လျှင် အမိုက်ခေတ်တွင် ထိုသူ ပြုလုပ်ခဲ့သော ပြစ်မှုများအတွက် အရေးယူခြင်းခံရမည်မဟုတ်ပေ။ အကြင်သူသည် အစ္စလာမ်ကိုလက်ခံပြီး(ဘာသာပျက်ကာ) မကောင်းမှုကျူးလွန်ခဲ့လျှင် ထိုသူ အစ္စလာမ်လက်မခံမီနှင့် အစ္စလာမ်လက်ခံပြီးနောက် ကျူးလွန်သမျှ အပြစ်တို့ကို အရေးယူခြင်းခံရမည်။

58- သန့်ရှင်းစင်ကြယ်မှုသည် အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်။ ‘အလ်ဟမ်ဒု လိလ္လာဟ်’သည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။‘စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ်’ဇိက်ရ်တော်နှစ်ခုသည် (သို့မဟုတ် ဇိက်ရ်တော် တစ်ခုသည်) မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကြားကိုပြည့်စေသည်။

60- ဧကန်မုချ အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ ကျေးကျွန်များအပေါ်တွင်ရှိသည့်ဝတ္တရားမှာ ထိုအရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုရန်ဖြစ်သည်။ ကျေးကျွန်များနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အပေါ်တွင်ရှိသည့် ဝတ္တရားမှာ အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုသူအား အဇာဗ်ပြစ်ဒဏ်မပေးရန်ဖြစ်သည်။

62- ကျွန်တော်မျိုးသည် ကိုယ်တော့်အပြင် အခြားမည်သူ့ထံမှ မေးမြန်းရန်မလိုအောင် အစ္စလာမ်နှင့်ပတ်သက်သည့် စကားရပ်တစ်ခုကို ကျွန်တော်မျိုးအား မိန့်ကြားတော်မူပါဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ကျွန်တော်မျိုး အလ္လာဟ်အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်ပါသည်ဟု သင်ပြောကြားပါ။ ၎င်းနောက် ကြံ့ခိုင်စွာရပ်တည်ပါ။

66- ငါကိုယ်တော်သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်အပေါ် ‘သက္ကဝါ’ တရားထားရှိရန်နှင့် (အသင်တို့ အပေါ် ခန့်အပ်ခံရသည့် ခေါင်းဆောင်သည်) ဟဗ်ရှီလူမျိုး ကျွန်တစ်ဦးဖြစ်လျှင်လည်း ၎င်း၏အမိန့်ကိုနာခံကြရန် မှာတမ်းတော်မူသည်။ ဧကန်အမှန်ပင် အသင်တို့သည် ငါကိုယ်တော် မရှိသည့်နောက် မြောက်မြားစွာသော ကွဲလွဲမှုများကို မြင်တွေ့ရလိမ့်မည်။ ထိုအခါ အသင်တို့သည် ငါတမန်တော်၏စွန္နသ်လမ်းစဉ်နှင့် တရားလမ်းမှန်ချီးမြှင့်ခြင်းခံရသည့် ဖြောင့်မတ်မှန်ကန်သော ခလီဖဟ်ကိုယ်စားလှယ်များ၏ စွန္နသ်လမ်းစဉ်ကို အံသွားဖြင့်ကိုက်၍ လိုက်ကြလေကုန်။

73- ငါကိုယ်တော်သည် ဒဂ်ျဂျာလ်နှင့် ပတ်သက်သည့် အချက်တစ်ခုကို အသင်တို့အား မပြောပြရဘူးလား။ ယင်းကို မည်သည့်နဗီတမန်တော်မျှ မိမိတို့၏ အမျိုးသားများကို မပြောပြဖူးပေ။ ဧကန်အမှန်ပင် ဒဂ်ျဂျာလ်သည် မျက်စိတစ်ဖက်ကန်းနေသူဖြစ်သည်။ ၎င်းသည်မိမိနှင့်အတူ ဂျန္နသ်သုခဘုံနှင့် ဂျဟန္နမ်ငရဲမီးကဲ့သို့သာ အရာမျိုးကို ယူဆောင်လာလိမ့်မည်

81- နိမိတ်ကောက်ခြင်းသည် ရှိရ်က်ဖြစ်သည်။ နိမိတ်ကောက်ခြင်းသည် ရှိရ်က်ဖြစ်သည်။ နိမိတ်ကောက်ခြင်းသည် ရှိရ်က်ဖြစ်သည်။ (ကိုယ်တော်သည် ဤသို့ သုံးကြိမ်တိုင်တိုင် မိန့်ကြားတော်မူခဲ့သည်။) ဆင့်ပြန်သူကပြောသည်မှာ ကျွန်ုပ်တို့အနက်မှ လူတိုင်းသည် (နိမိတ်ကောက်ရန် စိတ်ဖြစ်ပေါ်တတ်သည်။) သို့သော် အလ္လာဟ်အရှင်မြတ်သည် သဝက္ကုလ် အရှင်မြတ်အပေါ် ယုံပုံအားကိုးမှုဖြင့် နိမိတ်ကောက်လိုသောစိတ်ကို ဖယ်ရှားပေးတော်မူလိုက်သည်။

82- ကျွန်တော်တို့က ကိုယ်တော်သည် ကျွန်တော်မျိုးတို့၏ အရှင်သခင်ဖြစ်ပါသည်ဟု ပြောကြားခဲ့သည်။ ထိုအခါ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်သာလျှင် အရှင်သခင်ဖြစ်သည်ဟု မိန့်ကြားတော်မူသည်။ ကျွန်တော်တို့က (ကိုယ်တော်သည်) ကျွန်တော်တို့ထဲတွင် အမွန်မြတ်ဆုံး၊ ပေးကမ်းမှုအရှိဆုံး ဖြစ်တော်မူပါသည်ဟု ပြောကြားခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အသင်တို့ပြောရမည့် စကားကိုသာပြောပါ သို့မဟုတ် အသင်တို့ပြောရမည့် အချို့စကားကိုသာပြောပါ။ (ငါကိုယ်တော်အား ချီမွမ်းရာတွင်) ရှိုင်သွာန်မိစ္ဆာက သင်တို့အား မလှည့်ဖျားပါစေနှင့်။

86- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အန်ဆွာရီတို့နှင့် ပတ်သက်၍ မိန့်ကြားတော်မူသည်မှာ မုအ်မင်န် သက်ဝင်ယုံကြည်သူသာလျှင် အန်ဆွာရီတို့ကို ချစ်ခင်သည်။ မုနာဖိက် အရေခြုံမွတ်စ်လင်မ်သာလျှင် ၎င်းတို့ကို မုန်းတီးသည်။ အန်ဆွာရီတို့ကို ချစ်ခင်သူအား အလ္လာဟ်အရှင်မြတ်က ချစ်ခင်တော်မူမည်ဖြစ်ပြီး ၎င်းတို့အား မုန်းတီးသူကို အလ္လာဟ်အရှင်မြတ်က မုန်းတီးတော်မူမည်ဖြစ်သည်။

87- အမှန်တရားနှင့်နီးစပ်အောင် ကြိုးစားဆောင်ရွက်ကြလော့။ မှန်ကန်သောလမ်းစဥ်ကို လိုက်နာကျင့်သုံးကြလော့။ ထို့ပြင် သင်တို့သိကြလော့။ သင်တို့အနက် တစ်ဦးတစ်ယောက်မျှ မိမိ၏အမလ်ကျင့်ဆောင်မှုကြောင့် လွှတ်မြောက်နိုင်မည်မဟုတ်ပေ။ ထိုအခါဆွဟာဗဟ်သာဝကများက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကိုယ်တော်လည်း ပါဝင်ပါသလောဟု လျှောက်ထားမေးမြန်းကြသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဖြေကြားတော်မူသည်။ ငါကိုယ်‌တော်လည်း လွှတ်မြောက်နိုင်မဟုတ်ပါ၊ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကရုဏာတော်နှင့် ကျေးဇူးတော်ဖြင့် ငါကိုယ်‌ တော့်အား လွှမ်းခြုံပေးတော်မူမည်ဖြစ်သည်။

90- ငါကိုယ်တော် အသင်တို့အား ဂျန္နသ်သုခဘုံသားတို့အကြောင်း မပြောပြရဘူးလော။ သူတို့သည် အားအင်ချိနဲ့သူ ၊ အလွန့်အလွန် နှိမ့်ချသူများ ဖြစ်ကြသည်။ အကယ်၍ သူတို့သည် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ကျိန်ဆိုမည်ဆိုလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ ကျိန်ဆိုမှုကို ပြည့်စုံစေတော်မူမည်ဖြစ်သည်။ ထို့အတူ ငါကိုယ်တော် အသင်တို့အား ဂျဟန္နမ်ငရဲသားတို့အကြောင်း မပြောပြရဘူးလော။ ထိုသူတို့သည် ကြမ်းတမ်းခက်ထန်၍ အလွန်အငြင်းသန်သူ၊ အစားကြူး‌၍ မော်ကြွားသူ၊ အမှန်တရားကို လက်မခံဘဲ မာနထောင်လွှားသူများ ဖြစ်ကြသည်။'

95- မည်သည့်အချက်အပေါ် ကျွန်တော်မျိုးတို့ ကိုယ်တော့်အား ကတိသစ္စာပြုရပါမည်နည်းဟု လျှောက်ထားခဲ့ကြသည်။ ထိုအခါ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ပြီး အရှင်မြတ်နှင့်အတူ မည့်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်ခြင်းမပြုရန်၊ ဆွလာသ်ငါးကြိမ် ဆောက်တည်ရန်၊ အမိန့်နာခံကြရန် (ကိုယ်တော်သည် အသံကို နှိမ့်လိုက်ပြီး) အသင်တို့သည် လူတို့ထံတွင် မည်သည့် တစ်စုံတစ်ရာကိုမျှ မတောင်းခံကြ‌ရန် တို့ဖြစ်သည်။